P.A.E တွက်ချက်နည်း

၂ ထပ်အိမ်တစ်လုံးကို
PAE rate  နဲ့ တွက်ယူရာမှာ
Foundation ဖိုး (area × 0.5) ပေးရတယ် 
(area × 2.5) တောင်းတယ်ဆိုပြီး လာတိုင်ပင်သူတွေ ရှိနေပါတယ်

၁ ထပ်အိမ်တစ်လုံးတည်ဆောက်ရာမှာ 
ဖောင်ဒေးရှင်းဖိုး တွက်ယူလေ့မရှိပါဘူး
(area × 2 ) ပဲ တွက်ယူလေ့ ရှိပါတယ်
၂ ထပ်အိမ်မှာမှ မြေအနေအထားအရ ဖောင်ဒေးရှင်း ဒီဇိုင်း ကွာဟလွန်းမှသာ ( area× 0.3/0.5 ) စသည်ဖြင့်တောင်းရလေ့ရှိပါတယ်
၂ ထပ်မှာ အမိုး slab တင်ရင်လည်း (area × 0.3/0.5) စသည်ဖြင့် ညှိနှိုင်းယူကြလေ့ရှိတယ်
၂ ထပ်နှင့် အထက် ၂ ထပ်ခွဲ ၃ ထပ် ၄ ထပ် စသည်ဖြင့်မြင့်တက်သွားရင်တော့ ( area × 0.5 ) ယူကြလေ့ရှိတာ ပုံမှန်ပါပဲ
ဒီနေရာမှာ ပြောတဲ့ area ဆိုတာ မြေပြင် အကျယ်အဝန်းကို ဆိုလိုတာပါ
စုစုပေါင်း အကျယ်အဝန်း (Total area) ကို ဆိုလိုခြင်း မဟုတ်ပါဘူး

ဒါဟာ PAE စနစ်ရဲ့ ဆိုးကျိုးတွေပါပဲ
အများစု ပြောဆိုနေကြတဲ့ စျေးနည်းတယ် စျေးများတယ် ဆိုတာတွေဟာ ဒီလိုမျိုးတွေလား မသိ
အိမ်ရှင်က စျေးနည်းတယ်ဆိုပြီး သဘောတွေကျ အလုပ်အပ်ကာမှ 
ဟိုလုပ်ကွက် မပါဘူး ဒီလုပ်ကွက် မပါဘူး 
ဟိုပစ္စည်း မဟုတ်ဘူး ဒီပစ္စည်း မဟုတ်ဘူး
ဖောင်ဒေးရှင်းပါ တွက်ယူရတာ နဲ့ ပြဿနာအမျိုးမျိုး ထွက်ပေါ်လာကြတယ်

အကြံပေးလိုတာက
အလုပ်မအပ်ခင် သေချာမေးကြပါ
ဘယ်စျေးနှုန်းက ဘယ်လိုနည်းစနစ် ဘယ်လိုပစ္စည်း ဘယ်လို လက်ရာ ဘယ်လုပ်ကွက်အတိုင်းအတာထိ ပါဝင်ကြမှာလဲ သေချာမေးပါ
စာချုပ်ထဲ အသေးစိတ်ထည့်ချုပ်ကြပါ
မိမိအသိဉာဏ်နဲ့ယှဥ်ကာ ဆုံးဖြတ် ဆောင်ရွက်ကြပါ အကြံပြုရင်း

Thit Htoo Lwin  (Construction)

Comments